Skip to main content

အခြေခံကိုလေ့လာပြီး Model အမြင့်ဖုန်းတွေကို အထာကျကျ ပြု ပြင်ကြမယ် (၁၃)

#credit - sir zaw win htut

Short

Short ရှင်းတဲ့ နေရာမှာ အခက်အခဲက ဘာလဲဆိုတော့ Circuit ပေါ်မှာ တစ်နေရာ Short ကျရင် သူနဲ့ချိတ်ဆက်ထားတဲ့ လမ်းကြောင်းမှန်သမျှ အကုန် Short ပြနေတဲ့ ကိစ္စပါပဲ အနီးစပ်ဆုံး အမှန်တကယ် Short ကျနေတဲ့ နေရာကို ဘယ်လိုသိနိုင်မလဲဆိုတော့ ..

၁.ကိုယ်ပြင်မယ့်ဖုန်းက ရေဝင်လို့ Short ကျတာလား , ပြုတ်ကျတာလား , ဖုန်းအားသွင်းရင်းဖြစ်တာလား ဆိုတဲ့ အပေါ်မူတည်ပြီး Circuit က ကွေးနေလား ရေဝင်ထားတဲ့ အရာတွေ ရေညှိတွေ ဘယ်နားမှာရှိနေလဲ (ရေညှိက Components တွေ ကြားထဲမှာ မလိုလားအပ်တဲ့ Ohm တန်ဖိုးတွေ ဖြစ်ပေါ်စေတယ်) ဆိုတာ မျက်စိရှင်ရှင်နဲ့ အရင်ကြည့်ပါ

၂. Volt အားများများသုံးထားတဲ့ လမ်းကြောင်းတွေ ဥပမာ - Flash light ic , Backlight Ic , Charging Ic ,Vibrator , VBat နဲ့ VPH လမ်းကြောင်းပေါ်ရှိ Condenser အကြီးတွေက Short ကျနိုင်ခြေ အများဆုံး နေရာတွေ ဖြစ်ပါတယ်

ဒီနေရာတွေမှာ သတိထားပြီး ရှာမယ်ဆိုရင် တန်း Short ရှင်းတဲ့နေရာမှာ အခက်အခဲ နည်းပါးသွားပါမယ်

တခါတလေ တန်း short ကျနေတဲ့ ဖုန်းတွေမှာ 5AMP Supply နဲ့ ချိတ်လိုက်ရုံနဲ့ Short လွတ်သွားတတ်တာမျိုး ကြုံရတယ် ဘာလို့လဲဆိုတော့ Short ကျနေတဲ့ Condenser က Open (ပွင့်ပျက်ခြင်း) ဖြစ်သွားလို့ Short လွတ်သွားတာပါ

Short ရှင်းဖို့အတွက် 5amp Supply ဝယ်မယ်ဆိုရင် supply ကထွက်တဲ့ အနီအနက် ကြိုးကို ပူးကြည့်ပါ Current ဆိုတဲ့ အကွက်မှာ 5.00 ပြနေရပါမယ် မပြရင် 5AMP အပြည့်မခံပါ

Comments

Popular posts from this blog

Y7 prime 2018 Touch & Backlight Way

#Credit - Shwe Loon Eain Mobile Service & Training

Y6 Prime 2018 Backlight Way

#Credit - ဆရာ Nay Myo Khant

Redmi Note 1S Charging Ways

သက်ဆိုင်သူဆရာများကို credit ပေးပါတယ်