#credit - Sir Zaw Win Htut
Output short
Output short ဆိုတာ ဖုန်းကို power supply ချိတ်လိုက်ရင် Amp တတ်ခြင်း တီမြည်ခြင်း မရှိပဲ supply ချိတ်ထားပြီး Power Key နှိပ်လိုက်တဲ့အခါမှ တီတီမြည်ပြီး ပြုတ်ကျသွားတာ တီမမြည်လဲ Amp 0.6 လောက်ထိ ထောင်တတ်သွားတာမျိုးကို Output Short လို့ သတ်မှတ်ပါတယ်
Output Short ကို နည်းလမ်း ၂ မျိုးနဲ့ ဖြေရှင်းပါမယ်
Output Short ဆိုတာ Power Key နှိပ်ပြီး Power Ic အလုပ်လုပ်တဲ့အချိန် Volt ဖြန့်တဲ့အချိန်မှကျတဲ့ Short ဆိုတော့ အဝင်ပိုင်း Vbat နဲ့ VPH လမ်းကြောင်းက ကောင်းပြီးတော့ Power Ic အထွက် လမ်းကြောင်းတစ်နေရာရာမှာ Short Circuit ဖြစ်နေတယ်ဆိုတာ ကိုယ်ကသိထားရပါမယ် ...
၁. CPU , EMMC , EMMC DC/DC နဲ့ ရေဝင်ထားတဲ့ ဖုန်းဆိုရင် ရေနာထားတဲ့နေရာတွေ ရေအဓိကဝင်ထားတဲ့ နေရာတွေကို ထင်းရှုးဆီ အငွေ့ချပါ ပြီးရင် 5Amp Power Supply နဲ့ အပေါင်းအနှုတ်မှန်အောင်ချိတ်ပြီး Power Key ကို နှိပ်ထားပါ ဘယ် ic သို့ Components ကပူလာလဲဆိုတာ ကြည့်ပါ ဖြုတ်ပါ
၂. မီတာမှာ Diode Scale ထားပြီး လက်တံအနီ GND ထောက်ပြီး အနက်ကို power ic အထွက် Coil များကို လိုက်တိုင်းပါ မီတာဒိုင်ခွက်မှာ ပုံမှန် Connection (200, 300, 400, 600) ပြနေရမယ် အဲ့လိုမဟုတ်ပဲ Bad Connection ( 090, 075, ...)စသည်ဖြင့် ပြနေပါက ၎င်း Coil အား ဖြုတ်ချပါ
Coil ဖြုတ်ချလိုက်ပြီး Connection ပြန်တိုင်းကြည့်ပါ တစ်ဖက်တွင် ပုံမှန် Connection ပြန်ပြနေပြီး နောက်တစ်ဖက်တွင် Bad Connection ပြနေလိမ့်မယ် Bad Connection ပြနေတဲ့ ဘက်က CPU ကိုသွားတယ်ဆိုရင် Power Supply မှာ 1 Volt လောက်ချိန်ပြီး ထိုးကျွေးပါ Power Supply ဒိုင်ခွက်မှာ Amp ထောင်တတ်နေတာကို တွေ့ရပါမယ် ကိုယ် Volt ထောက်ကျွေးလိုက်တဲ့ လမ်းကြောင်းပေါ်က Ic လဲ ပူလာပြီပေါ့ (မရှင်းရင် ပုံမှာကြည့်ပါ )
Output Short ဆိုတာ Power ic ကနေအထွက် လမ်းကြောင်းတွေဖြစ်တဲ့ Switching VREG S1. S2.S3.S4 နဲ့ Linear လမ်းကြောင်း VREG L1,... စတဲ့ လမ်းကြောင်းတွေမှာ ကျတဲ့ Short ဖြစ်တယ်
Y511 တွေမှာ ခဏခဏ ကြုံရတယ် power supply နဲ့ ဖွင့်ကြည့်ရင် power Key နှိပ်လိုက်တာနဲ့ ချက်ခြင်း Short မကျသေးဘူး LCD မှာ Huawei logo ပေါ်ရတော့မယ့် အချိန်မှ တီ ဆိုပြီး ပြုတ်ကျတာ အဲ့ဒါ ဘာ error လဲဆိုတော့ LCD Socket နဲ့ Backlight Ic အပိုင်းမှာ Short ကျနေလို့ ဖြစ်တယ်ဆိုတာ တွေ့ရတယ်
Switching လမ်းကြောင်းမှာ Short ကျရင် တီတန်းမြည်တယ် Linear လမ်းကြောင်းမှာ Short ကျရင် Power ပွင့်မလို တတ်သွားပြီးမှ တီမြည်ပြီး ပြုတ်ကျတယ်
Short များ၏ လှည့်ပတ်ခြင်းဒဏ်မှ ခံရခြင်း ကင်းဝေးကြပါစေ ခင်ဗျာ

Comments
Post a Comment