Skip to main content

အခြေခံကိုလေ့လာပြီး Model အမြင့်ဖုန်းတွေကို အထာကျကျ ပြုပြင်ကြမယ် (၁၂)

#credit - Sir Zaw Win Htut

အခြေခံကိုလေ့လာပြီး Model အမြင့်ဖုန်းတွေကို အထာကျကျ ပြုပြင်ကြမယ် (၁၂)

တန်း short ကျနေတဲ့ ဖုန်းတစ်လုံး ကြုံရပြီဆိုရင် ...
ပထမဆုံးBattery ကနေ Power IC အဝင် Volt ပေးသွင်းတဲ့ လမ်းကြောင်းမှာ FET ပါ/မပါ စစ်ပါ

FET ပါတဲ့ အမျိုးအစားဆိုရင် (power Supply ချိတ်မထားတဲ့ အခြေအနေ) မှာ မီတာရဲ့ အသံမြည်စကေးက်ု လှည့်ထားပြီးတော့ လက်တံတစ်ဖက်ကို GND မှာထောက်ပါ နောက်လက်တံ တစ်ဖက်ကို Battery အပေါင်းငုတ်မှာ ထောက်ကြည့်ပါ

#တီမြည်နေပါက_VBAT_Short
#တီမမြည်ပါက_VPH_PWR_Short ဟု ခွဲခြားနိုင်ပါသည်

Vbat Short ဆိုရင် Battery နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ နေရာတွေကို စစ်မယ်
VPH_PWR Short ဆိုရင် FET ကနေတဆင့် ပြန်ထွက်ပြီး Power ic ထဲကို ဝင်သွားတဲ့ လမ်းကြောင်းကို စစ်ဆေးပါမယ်

VBAT နဲ့ VPH_PWR ခွဲခြား ပြီးသိလိုက်တာနဲ့တင် စစ်ဆေးရမယ့် Ic တွေ မတူတော့တာကို အောက်ကပုံမှာ ကြည့်နိုင်ပါတယ်

VPH_PWR လမ်းကြောင်းက Short ကျနေတယ်ဆိုရင် FET ကနေအထွက် VPH လမ်းကြောင်းပေါ်ကို Battery Volt အတိုင်း ထိုးကျွေးမှသာလျှင် Short တွေ့ပါမယ် VPH Short အလုံးကို Battery အပေါင်းငုတ်မှာပဲ Volt ကျွေးရင် ကြားကခံထားတဲ့ FET ကြီးပဲ ပူတတ်လာပြီး Short မတွေ့ရပါဘူး

VPH Short ကို တချို့ အားသွင်းကြိုးထိုးပြီး ရှာကြတယ် သိပ်အဆင်မပြေလှပါဘူး

VBAT Short ကတော့ ရိုးရှင်းပါတယ် Battery ငုတ်နေရာကနေ အပေါင်းအနှုတ်မှန်အောင်ချိတ်ထားပြီး ပူလာတဲ့ Components နဲ့ IC ကို ရှာရုံပါပဲ

Comments

Popular posts from this blog

Redmi Note 1S Charging Ways

သက်ဆိုင်သူဆရာများကို credit ပေးပါတယ်

Redmi 7A Charging Ways

သက်ဆိုင်သူဆရာများကို Credit ပေးပါတယ်။

Y7 prime 2018 Touch & Backlight Way

#Credit - Shwe Loon Eain Mobile Service & Training