Skip to main content

အခြေခံကို လေ့လာပြီး Model အမြင့်ဖုန်းတွေ အထာကျကျ ပြင်ကြမယ် (၉)

#Credit - Sir Zaw Win Htut

အခြေခံကို လေ့လာပြီး Model အမြင့်ဖုန်းတွေ အထာကျကျ ပြင်ကြမယ် (၉)အခြေခံကို လေ့လာပြီး Model အမြင့်ဖုန်းတွေ အထာကျကျ ပြင်ကြမယ် (၉)

Short ဆိုတာဘာလဲ Short ကျရင် ဘယ်လို စစ်ဆေးရမလဲ
Short ဆိုတာ Phone Circuit ပတ်လမ်းပေါ်မှာ ရှိတဲ့ အပေါင်းလမ်းကြောင်း နဲ့ အနုတ်လမ်းကြောင်း ပူးသွားတာ ဖြစ်ပါတယ်

ဖုန်းအတွင်းပိုင်းမှာ အသုံးပြုထားတဲ့ IC , Filter Condenser , တခြား GND နဲ့ ချိတ်ဆက်ထားတဲ့ Components တွေဟာ ဖုန်းရေဝင်လို့ လွတ်ကျလို့ အားသွင်းလိုက်တာများလို့ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတဲ့အခါ အနုတ်လမ်းကြောင်းက အပေါင်းလမ်းကြောင်းနဲ့ ပူးသွားတဲ့ အနေအထားမျိုးကို Short ဖြစ်တယ်လို့ ခေါ်ပါတယ်..

ဘယ်နေရာမှာ Short ကျတာလဲ ဆိုတာနဲ့ Short ဖြစ်မှု ပမာဏ အနည်းအများပေါ် မူတည်ပြီး Short အမျိုးအစားကို ၃ မျိုး ခွဲခြားပါမယ် ၃ မျိုးထဲပါ ...

၁. တန်း Short (Power Supply ချိတ်လိုက်တာနဲ့ တပြိုက်နက် တီ တီ မြည်ပြီး ကျနေတဲ့ Short )
၂. Output Short ( Power Supply ချိတ်လိုက်တာနဲ့ တီမမြည်ပဲ Power Key ကို နှိပ်လိုက်တဲ့ အချိန်မှ တီ တီ မြည်ပြီး Short ကျသွားတာ 0.4 လောက် ထိ AMP ထောင်တတ်သွားတဲ့ ပုံစံမျိုးတွေ)
၃.Mili Short (Power Supply ချိတ်လိုက်တာနဲ့ တပြိုင်နက် Auto Amp အနည်းငယ် တတ်နေခြင်းကို ဆိုလိုပါတယ် )

တချို့ output short နဲ့ Mili Short ကျတဲ့ ဖုန်းတွေ Power ပွင့်တာလဲ ရှိပါတယ် Power ပွင့်ပေမယ့် အားမခံ စက်ပူ ပါဝါပြုတ်ကျတဲ့ Error တွေ ဖြစ်ပါတယ် ဘယ်လောက်ထိတောင်တွေ့ရသလဲဆို Power Ic ကနေ CPU ကို Volt ပေးတဲ့ Switching လမ်းကြောင်းတစ်ခုလုံး Short ကျနေတာတောင် Power ပွင့်ပြီး အားစား စက်ပူနေတာမျိုး ကြုံဖူးပါတယ်

Comments

Popular posts from this blog

Redmi Note 1S Charging Ways

သက်ဆိုင်သူဆရာများကို credit ပေးပါတယ်

Redmi 7A Charging Ways

သက်ဆိုင်သူဆရာများကို Credit ပေးပါတယ်။

Y7 prime 2018 Touch & Backlight Way

#Credit - Shwe Loon Eain Mobile Service & Training