Skip to main content

အခြေခံကို လေ့လာပြီး Model အမြင့်ဖုန်းတွေ အထာကျကျ ပြင်ကြမယ် (၄)

#Credit - Sir Zaw Win Htut

အခြေခံကို လေ့လာပြီး Model အမြင့်ဖုန်းတွေ အထာကျကျ ပြင်ကြမယ် (၄)

Speaker Point နေရာမှာ Connection တိုင်းတဲ့အခါ Connection က ပြတော့ပြတယ် ဂဏန်း ၄ လုံးလောက် ပေါက်တတ်ကရ ပြနေမယ်ဆို SPK လမ်းကြောင်းပေါ်က TVS diode လေးတွေ တစ်ချက်ဖြုတ်ချကြည့်ပါ

Connection ပုံမှန်ပြပြီးတော့ အသံထွက်မလာသေးဘူးဆိုရင် ဒုတိယအဆင့် အနေနဲ့ Volt တိုင်းပါမယ်

မီတာမှာ DC volt တိုင်းတဲ့ စကေးမှာ လှည့်ထား ဖုန်းကို Power ဖွင့် ပြီးရင် Setting ထဲမှာရှိတဲ့ Ringtone တစ်ခုခု (အသံတခုခုထွက်နေမှ Volt ထွက်ပါတယ် )ကို ဖွင့်ထားပြီး ကိုယ်ဖွင့်ထားတဲ့ အသံမဆုံးခင် မီတာလက်တံအနက် ကို GND ထောက် မီတာလက်တံအနီကို SPK Point နေရာမှာထောက်တိုင်းပါမယ် 1.78 Volt ဝန်းကျင်ခန့် ထွက်နေရပါမယ်

Connection ပြပြီး Volt မရောက်ရင် များများစားစား စဉ်းစားစရာမရှိတော့ပါဘူး SPK လမ်းကြောင်းက Power Ic ကထွက်လာတဲ့ Model ဆို Power iC လဲပါမယ် CPU ကထွက်လာတဲ့ Model ဆို CPU လဲရပါမယ်

မီတာလက်တံ အနီ အနက် မှားထောက်မိလဲ မီတာဒိုင်ခွက်မှာ ဂဏန်းရှေ့က အနှုတ်နဲ့ ပြတာပဲ ရှိပါတယ် ဘာမှ မဖြစ်ပါဘူး

Speaker အသံတိုးနေရင်

Speaker လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ Components တွေ ယိုစိမ့်မှုဖြစ်လို့ တိုးနိုင်သလို IC က Volt အပြည့်အဝ မပေးနိုင်ရင်လဲ တိုးပါတယ် နောက်ပြီး Speaker ကို ဖုန်မဝင်အောင်ကာထားတဲ့ အမဲဖတ်လေးက ဂျီးတွေပိတ်နေရင်လဲ တိုးတတ်ပါတယ်

Speaker က ဂျစ်ဂျစ်အသံမြည်လိုက် ရိုးရိုးအသံမြည်လိုက်ဖြစ်နေရင် ...

အသံထုတ်ပေးတဲ့ iC ပျက်တာများပါတယ် ခုနောက်ပိုင်း သုံးထားတဲ့ IC တွေမှာ အဲ့ဒီ့ ပြသာနာ မတွေ့ရတော့ပါဘူး Nokia တွေ Keypad တရုပ်ဖုန်းတွေမှာ အရင်တုန်းက အဖြစ်များပါတယ်

Speaker အသံအက်နေရင် ...

Speaker အထိုင်မှာ Double Tape ထူထူလေးခံလိုက်ရင် ရတတ်သလို ရေဝင်ထားလို့ Spk လမ်းကြောင်းမှာ ရှိတဲ့ Filter condenser တွေ ယိုစိမ့်မှု ဖြစ်နေလို့ အသံအက်နေတာမျိုးလဲ ကြုံရဖူးပါတယ်

ကိုယ်ပြုပြင်ရမယ့် ဖုန်းက ဘာဖြစ်ပြီး ပျက်တာလဲ ရေဝင်တာလား ပြုတ်ကျတာလား အားသွင်းရင်း ဖြစ်သွားတာလား စသည်ဖြင့် ဖြစ်ရတဲ့ အကြောင်းရင်းကို မေးမြန်းပြီး အနီးစပ်ဆုံး Error ကို စဉ်းစားကြရမှာပါ

အောက်ကပုံမှာ ပြထားတဲ့ ဆွဲထားတဲ့ ပုံနဲ့ အပြင်က Circuit ကို တွဲပြီး မြင်ကြရဲ့လား ခင်ဗျ ဒါက အရေးကြီးပါတယ်

Comments

Popular posts from this blog

Redmi Note 1S Charging Ways

သက်ဆိုင်သူဆရာများကို credit ပေးပါတယ်

Redmi 7A Charging Ways

သက်ဆိုင်သူဆရာများကို Credit ပေးပါတယ်။

Y7 prime 2018 Touch & Backlight Way

#Credit - Shwe Loon Eain Mobile Service & Training