Skip to main content

အခြေခံကိုလေ့လာပြီး Model အမြင့်ဖုန်းတွေ အထာကျကျ ပြင်ကြမယ် (၃)

#credit - Sir Zaw Win Htut


Ring Speaker & Ear Speakerအပိုင်းမှာ ကျွန်တော်တို့ ကြုံတွေ့ရမယ့် ပြသာနာတွေကတော့ ..

၁. Speaker အသံမထွက်ခြင်း

Speaker အသစ်လဲလည်း အသံမထွက်ဘူးဆိုရင် ပထမဦးဆုံး လုပ်ရမယ့် အလုပ်က RingSpeaker Point နေရာမှာ Connection ထောက်တိုင်းပါ ပုံမှန် Connection ပြနေရပါမယ် မပြရင်..

- Power Ic နဲ့ Ring Speaker point ကြားမှာ ရှိတဲ့ Componentsထောက်ပံ့ပစ္စည်းတွေ ပျက်နေလား

- ဒါမှမဟုတ် Power Ic ကိုယ်တိုင်ကကို ပျက်စီးနေသလား အချက် ၂ ချက်ရှိပါမယ်

အခုပုံမှာပြထားတဲ့ Spk လမ်းကြောင်းမှာ Connectionကို ပြတ်တောက်စေတဲ့ လမ်းကြောင်းပေါ်မှာ ကန့်လန့်ခံနေတဲ့ Components ကို ကြည့်မယ်ဆိုရင် LB Coil တစ်လုံးနဲ့ ရိုးရိုး Coil တစ်လုံး စုစုပေါင်း ၂ လုံးပဲ ရှိပါမယ် အဲ့ဒီ့ Coil ၂ လုံးကို တိုင်းတာကြည့်လို့ ကောင်းနေခဲ့မယ်ဆိုရင် Ring speaker Point ထိပ်မှာ Connection မပြရတဲ့ အကြောင်းအရင်းက Power IC မကောင်းလို့ ဆိုတဲ့ အချက်တစ်ချက်ပဲရှိပါတော့တယ်

- အကယ်၍ Ring speaker Point ထိပ်မှာ GND ကျနေခဲ့မယ်ဆိုရင် Ring SPK လမ်းကြောင်းတစ်လျှောက်မှာ GND နဲ့ ချိတ်ဆက်ထားတဲ့ Filter Condenser နဲ့ TVS Diode နှစ်ခု ရှိပါတယ် သူတို့ကို ဖြုတ်ချပြီးသည့်တိုင်အောင် GND မလွတ်သေးရင် IC ပဲ ကျန်တော့တယ်ပေါ့

ဖုန်းတစ်လုံး မပြင်ခင် အရင်စဉ်းစားပြီး ကိုယ်ပြင်ရမယ့် အစိတ်အပိုင်းကို အတတ်နိုင်ဆုံး သေချာအောင် ချုံ့တတ်ရပါမယ်

Audio ပြီးသွားရင် တိုင်းနည်းတွေကို ခုလောက် အကျယ်ချဲ့ တင်မပေးတော့ပါဘူး ခုကတည်းက Components တိုင်းနည်းတွေ ပတ်လမ်းကြောင်း ခုခံမှု Connection တိုင်းတာတွေ ကျေညက်အောင် လုပ်ထားပေးပါ

Comments

Popular posts from this blog

Y7 prime 2018 Touch & Backlight Way

#Credit - Shwe Loon Eain Mobile Service & Training

Redmi Note7 Backlight

#Credit - ဆရာ ဦးမိုးဟိန်း

Y6 Prime 2018 Backlight Way

#Credit - ဆရာ Nay Myo Khant