Skip to main content

အခြေခံကို လေ့လာပြီး Model အမြင့်ဖုန်းတွေ အထာကျကျ ပြင်ကြမယ် (၈)


#Credit - Sir Zaw Win Htut
အခြေခံကို လေ့လာပြီး Model အမြင့်ဖုန်းတွေ အထာကျကျ ပြင်ကြမယ် (၈)

Headphone လို့ခေါ်တဲ့ နားကြပ် အပိုင်းမှာ ကျွန်တော်တို့ အများဆုံး ကြုံတွေ့ရမယ့် ပြသာနာကတော့ နားကြပ်တပ်မထားပဲ နားကြပ်ပုံပေါ်နေတဲ့ပြသာနာပါပဲ

အဲ့ဒီ့ ပြသာနာက နားကြပ်ခေါင်းမှာ နားကြပ်ရှိလား မရှိဘူးလား ဆိုတာကို CPU IC ကနေ နားကြပ်ခေါင်းရဲ့ PIN နံပါတ် 4 Detected ဒီတတ် ဆိုတဲ့ငုတ်ကနေ အာရုံခံပါတယ်

လွယ်လွယ်ပြောရရင် pin နံပါတ် 4 မှာ 1.8 Volt နီးပါးရှိနေရင် နားကြပ်ထိုးမထားဘူးလို့ CPU ကနားလည်တယ် Pin 4 မှာ Volt မရှိဘူးဆိုရင် နားကြပ်ထိုးထားတယ် နားကြပ်ရှိတယ်လို့ သိပါတယ် (Volt ရောက်မှ နားကြပ်ရှိတယ်လို့သိတဲ့ CPU တွေလဲ ရှိပါတယ် )

နားကြပ်ထိုးလိုက်တဲ့အခါ နားကြပ်ခေါင်းအတွင်းမှာရှိတဲ့ GND ငုတ်က PIN နံပါတ် 4 Detected ဒီတတ်ငုတ်ကို ပြေးကပ်ပါတယ် Pin 4 က GND နဲ့ ပူးသွားပြီးတော့ CPU က နားကြပ်ထိုးလိုက်ပြီဆိုတာ သိပြီး အသံထွက်စရာရှိတဲ့ အခြေအနေမျိုး ဥပမာ ကိုယ်က အသံတစ်ခုခုဖွင့်လိုက်ပြီဆို Audio Data ကို Ring Speaker ဆီ မပို့တော့ပဲ နားကြပ်ခေါင်းဆီပဲ ပို့ပါတော့တယ်

ကိုယ်ကထည့်ထားတဲ့ နားကြပ် ကို ပြန်ထုတ်လိုက်တဲ့အခါ ခုနက Detected ငုတ်နဲ့ ပူးနေတဲ့ GND ငုတ်လေးက ပြန်ကွာသွားပြီး Detected ငုတ်မှာ 1.8V ပြန်ရောက်နေပြီး နားကြပ်ပုံပေါ်နေတာလဲ ပျောက်သွားပါတယ်

အဲ့ဒီ့အတွက် နားကြပ်ထိုးမထားပဲ နားကြပ်ပုံပေါ်နေတဲ့ ပြစ်ချက်မှာ ပထမဦးဆုံး နားကြပ်ခေါင်းရဲ့ Pin 4 မှာ နားကြပ်ထိုးမထားတဲ့ အခြေအနေမှာ 1.8 V ရှိ မရှိ စစ်ဆေးရပါမယ်

1.8V မရှိရင် Power ic ကလာမယ့် R တစ်လုံး နဲ့ CPU ဘက်ကိုသွားတဲ့ R တစ်လုံး စစ်ဆေးရပါမယ် အဲ့ဒီ့ Resistor တွေက 10K Ohm Resistor ကို သုံးထားတာ များပါတယ်

အဲ့ဒီ့ Resistor နှစ်လုံးကောင်းမွန်နေခဲ့မယ် ဆိုရင် နားကြပ်ခေါင်း ပျက်နေတာ ဖြစ်နိုင်ပါတယ် Power IC က Volt မထွက်တာတော့ မဖြစ်နိုင်ပါ ဘာလို့လဲဆိုတော့ အဲ့ဒီ့ Volt က တခြားနေရာတွေကိုလဲ သွားထားတဲ့အတွက် ပျက်ခြင်းပျက်ရင် Resistor ပဲပျက်မယ် နားကြပ်ခေါင်းအတွင်းက GND ငုတ်ပူးနေနိုင်တဲ့ အတွက် နားကြပ်ခေါင်း အတွင်း ဇာဂနာနဲ့ ထည့်မွှေတာ ဘေးက Components လေးတွေ တင်ဒါနဲ့ ဆေးတာမျိုး ပြုလုပ်ရပါမယ် Condenser ကတော့ အလွတ်လေး ပါ

Comments

Popular posts from this blog

Y7 prime 2018 Touch & Backlight Way

#Credit - Shwe Loon Eain Mobile Service & Training

Redmi Note7 Backlight

#Credit - ဆရာ ဦးမိုးဟိန်း

Y6 Prime 2018 Backlight Way

#Credit - ဆရာ Nay Myo Khant