#credit - Sir Aung Thet Oo
Vbat-Vph
အခြေခံအားဖြင့်တော့ Vbat-Vph ခွဲတာ ၅မျိုးရှိပါတယ်။ဒီထက်မြင့်တဲ့ model တွေမှာတော့ ပိုရှုပ်ထွေးနိုင်ပါတယ်ဗျ။
ဒီအခြေခံသဘောတရားလေးသာ သိထားရင် ပုံ(၁)က အဝါရောင်လမ်းကြောင်းလေး error တက်ရင် အလွယ်တကူဖြေရှင်းနိုင်ပါလိမ့်မယ်။
Bat
Battery အထိုင်က လာတဲ့ Voltage ပါ။
(MTK တွေမှာတော့ Vbatt လို့ ရေးတတ်ပါတယ်။)
Vph
ဖုန်းတလုံးရဲ့ Main Power Supply ပါ။3.8V သုံးရမဲ့ ic တော်တော်များများဟာ Vph-pwr ကနေ ယူသုံးကြပါတယ်။
(MTK တွေမှာတော့ VBat လို့ ရေးပါတယ်။အပေါ်က Vbatt နဲ့လည်း အသံထွက်ချင်း ဆင်နေတဲ့ အတွက် အလွယ်တကူး Vph လို့ပဲ ခေါ်ပါတယ်။)
Vbat shock ကျရင် Battery အထိုင်ကနေ တိုက်ရိုက် Volt ထည့်ရှာလို့ရပေမယ့် Vph shock ကျရင်တော့ battery အထိုင်ကနေ Volt ထည့်ရှာလို မရပါဘူး။
ဘာ့ကြောင့်လည်းဆိုတော့ Vph short ကျရင် Vbat ကနေ Vph ဖြန့်ပေးတဲ့ ကြားထဲက ခံထားတဲ့ ic တွေဟာ ဒါဏ်ခံရပီး သူတို့ ပူလာလို့ပါပဲ။AC9 ပူတာ PM8110 ထောင့်စွန်းပူတာတွေပေါ့။
အဲ့တော့ Short ကျရင် Short ကျတဲ့ အထဲ တိုက်ရိုက် Volt ထည့်ရှာပေါ့။
မိမိပြင်မဲ့ model က Vbat-Vph လမ်းကြောင်း ဘယ်လို တည်ဆောက်ထားသလဲ မိမိဖာသာကြည့်ပီး Vph ထဲ Volt တိုက်ရိုက်ထည့်ပြီး Short ရှာနိုင်ပါလိမ့်မယ်။
1
PM 8029 သုံးထားတဲ့ model တွေမှာဆိုရင် pmu ဟာ FET ကို Gate ဖွင့်ဖို့အတွက် Vbat သုံးထားပါတယ်။
Vph သုံးထားတာကတော့ လိုအပ်တဲ့ Volt တွေ ပြန်ဖြန့်ပေးဖို့ပေါ့။
Gate အသေဖွင့်မထားတဲ့ ဒီလို model မျိုးမှာ FET လေးပျက်ခဲ့ရင် Source နဲ့ Drain ကို ကြိုးဆက်မပေးပဲ အစားပြန်ထိုးသင့်ပါတယ်။
2
ဒီလို တည်ဆောက်ထားတာလေးကတော့ MTK တွေမှာ တွေ့ရတာများပါတယ်။Gate ကို Resistor လေးနဲ့ Ground ချပီး အသေဖွင့်ထားတဲ့ အတွက် ပျက်ရင် ကြိုးဆက်ပေးလို့ရနိုင်ပါတယ်။Diagram တွေထဲမှာလည်း Source နဲ့ Drain ကို တိုက်ရိုက်ဆက်နိုင်ဖို့ Jumper နေရာလေး ပေးထားတတ်ပါတယ်။
သတိပြုရမှာကတော့ Gate ဖွက့်ထားတဲ့ R လေး မပါရင် Hight ohm ဖြစ်ရင် Gate မပွင့်တော့တဲ့အတွက် Vph မထွက်တော့ပါဘူး။
အဲ့တော့ ပါဝါမတက်တော့ဘူးပေါ့။
3
PM 8110 တွေမှာတော့ ပါဝါ ic ကိုယ်တိုင်က Vph ဖြန့်ပေးပါတယ်။Vph shock ကျရင် 0.3 A လောက်တန်းတက်နေပီး pmu ထောင့်စွန်းပူလာပါလိမ့်မယ်။
အဲ့တော့ pmu မဖြုတ်ဘဲ Vph ရှာပြီး တိုက်ရိုက် Volt ထည့်ပေါ့။
4
PMU နှစ်လုံးပါတဲ့ model တွေမှာ အများအားဖြင့် PMU အသေးက Vph ဖြန့်ပေးတတ်ကြပါတယ်။Vph Shock ကျရင် သူတို့လည်း ဒါဏ်ခံရပီး ပူလာပါလိမ့်မယ်။
5
BQ ic
ဒီ ic လေးကတော့ အပေါ်က ကောင်တွေလို နလပိန်းတုန်းမဟုတ်ပါဘူး။သူက အသိဥာဏ်ရှိပါတယ်။သူ့အကြောင်း မသိခင်ကလည်း တော်တော် ဒုက္ခရောက်ခဲ့ရပါတယ်။
ဘာ့ကြောင့်လည်းဆိုတော့ Vph သာ Short ကျနေရင် သူက Vbat ကနေ Vph ကို Volt ထုပ်မပေးပါဘူး။
Short ကျနေတဲ့ Vph ထဲ Volt ထုပ်မပေးတော့ Power Supply မှာလည်း Short မပြပါဘူး။
အရင်တုန်းက ဒီဘို model မျိုးလာရင် မသိခဲ့တော့ short ကလည်းမပြ ပါဝါကီးလည်း Volt မရောက်လို့ ဆိုပီး ပါဝါic အကြိမ်ကြိမ်လဲခဲ့ဖူးပါတယ်။
ဘယ်ရမလဲ
pmu ဆီ Volt မှ မရောက်တာ ပါဝါကီး ဘယ်လိုဘို့ Volt ရောက်နိုင်မလည်းဗျာ။နောက်ပိုင်း ခံရဖန်များလာမှသာ သိလာတာပါ။
ခုတော့ ဒီလို model မျိုးလာရင် Vph ထဲ တိုက်ရိုက်ထည့်ပီး ရှော့ရှင်းလိုက်တာနဲ့ ကောင်းသွားနိုင်ပါတယ်။
ကဲ
နိဂုန်းချုပ်ကြမယ်။
Main Supply Volt ဟာ Main PMU ဆိကို ရောက်ကို ရောက်ရပါမယ်။
မရောက်ရင်လည်း ဘယ်လိုတည်ဆောက်ထားတာလဲဆိုတာကြည့်ပီး ရောက်အောင် ဖြေရှင်းနိုင်ကြပါစေဗျာ။
ဒါလောက်ပါပဲဗျာ။
အမှားပါရင်လည်း ထောက်ပြဝေဖန်ပေးကြပါလို့ ပြောကြာရင်း

Comments
Post a Comment